Connect with us

Education & Health

ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ရောက်ရှိလာသော လူနာများ အဆင့် ၃ ဆင့်ဖြင့်ပြောင်းလဲကုသမည်

ရန်ကုန် ပြည်သူ့ဆေးရုံကြီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ရောက်ရှိလာသော လူနာများ အား မလိုလားအပ်သော အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် နိုင်ငံတကာ ကုသမှုပုံစံ အတိုင်း အဆင့်(၃)ဆင့်ဖြင့် ပြောင်းလဲကုသ မှုအား ယခုနှစ်တွင် စတင်ပြောင်းလဲကုသသွားမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အရေးပေါ်ဌာနသို့ ရောက်ရှိလာသော လူနာများအား အဆင့်(၃)ဆင့်ဖြင့် ခွဲခြား ကုသပေးမည်ဖြစ်ပြီး လူနာများ အနေဖြင့် ယင်းဌာနသို့ စတင်ရောက်ရှိ လာပါက ရောဂါ ပြင်းထန်မှု စစ်ဆေးသော နေရာ၌ ဦးစွာပြသ ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရောဂါပြင်းထန်မှု အပေါ်မူတည်၍ အဆင့်ခွဲခြား ကုသပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ကုသရာတွင် ပထမဦးစားပေး အနေဖြင့် အသက်အန္တရာယ် ရှိသော လူနာများအား လူနာခန်းသို့ ချက်ချင်းပို့ဆောင် ကုသပေးခြင်း၊ ဒုတိယဦးစားပေး အနေဖြင့် ခေါင်းမူး၊ လက်ကျိုး စသော အသက်အန္တရာယ် မစိုးရိမ် ရသည့် လူနာများအား ဦးစားပေးနံပါတ် (၂) နေရာ၌ ဆရာဝန်၊ ဆရာမအဖွဲ့ နှင့် ကုသပေးခြင်း၊ တတိယဦးစားပေး အနေဖြင့် တန်းစီစနစ်ဖြင့် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံစံပြောင်း ကုသခြင်းကို ယခုနှစ်တွင် စတင်ဆောင်ရွက်မည် ဖြစ်ပြီး ယင်း အရေးပေါ်ဌာနသည် လူနာ ဆေးမှတ်တမ်း၊ ဓာတ်မှန်၊ သွေးစစ်ချက်နှင့် ကုသချက်များအား မှတ်ပုံတင်စနစ်ကို အိုင်တီစနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားပြီး အရေးပေါ်ဌာနသို့ နေ့စဉ် လူနာဦးရေ ၄၅ဝ ခန့် လာရောက် ပြသကြကာ အများစုမှာ ဖျားနာခြင်းနှင့် သက်ဆိုင်သော လူနာများနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရ လူနာများ လာရောက်ပြသ ကြကြောင်း သိရသည်။ (Xinhua)