Connect with us

Education & Health

အခြေခံပညာရေး ဥပဒေတွင် လူထု သဘောထား ပါဝင်ရေး အဆိုကို ပြည်သူ့လွှတ်တော်က ဆွေးနွေးမည်

ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အခြေခံပညာရေး ဥပဒေရေးဆွဲရာတွင် လူထု သဘောထားအမြင် ပါဝင်သည့် ဥပဒေကောင်း တစ်ရပ် ပေါ်ပေါက်ရန် လူတန်းစား အလွှာစုံ ပါဝင်သော အခြေခံ ပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးက ဆွေးနွေးရန် လက်ခံခဲ့သည်။

ထိုအဆိုကို မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက တင်သွင်းခဲ့ပြီး မချမ်းဘော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနန်မွန်ထင်က ထောက်ခံခဲ့ကာ ပြည်သူ့လွှတ်တော်က ဆွေးနွေးရန် ကန့်ကွက်သူမရှိ လက်ခံခဲ့ခြင်း ဖြစ်သည်။
အဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် ၂၀၁၆ စက်တင်ဘာလ ၂၆ ရက်နေ့နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ရုံးသို့အမည်စာရင်း ပေးကြရန် လွှတ်တော် ဥက္ကဋ္ဌက မှာကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.