Connect with us

Education & Health

အမျိုးသားအဆင့် ဘက်စုံ ကျောင်းကျန်းမာရေး မဟာဗျူဟာ စီမံကိန်း အသိပေး မိတ်ဆက်

အမျိုးသားအဆင့် ဘက်စုံ ကျောင်းကျန်းမာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၇-၂၀၂၂) အသိပေး မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အမျိုးသားအဆင့် ဘက်စုံ ကျောင်းကျန်းမာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၇-၂၀၂၂) အသိပေး မိတ်ဆက် ခြင်း အခမ်းအနားအား နေပြည်တော်၌ စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကျောင်းကျန်းမာရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ကျရာ အခန်းကဏ္ဍမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်း အသိပေး မိတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ ပညာရည်မြင့်မားပြီး ကျန်းမာရန်လိုအပ်သဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းများသည် အထူး အရေးကြီး ကြောင်း ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၉)သန်းကျော် ဦးရေခန့်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး နှင့် ညီညွတ်သော နေထိုင်မှု၊ စားသောက်မှု၊ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်မှု တို့ကိုဆောင်ရွက်ခြင်းဖြင့် နောင်တစ်ချိန်တွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာသော ပြည်သူလူထုကြီး ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကောင်းမွန်မှု၊ ခံယူချက် ကောင်းများ ပြည့်ဝမှုတို့ကို ရရှိစေရန် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသည် ကျောင်းကျန်းမာရေးလုပ်ငန်းများကို (၁၉၂၀)ခုနှစ် ကတည်းက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး အချိန်ကာလအလိုက် ပြောင်းလဲလာသော အခြေအနေများ နှင့် ကိုက်ညီမှုရှိ စေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခု ရေးဆွဲ ထားသော ဗဟာဗျူဟာ စီမံချက်တွင် ပါဝင်သည့် အဓိက နည်းဗျူဟာကြီး (၄)ခုနှင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်း လုပ်ငန်းစဉ်(၉)ရပ်တို့သည် ရေတို၊ ရေရှည်ကာလနှစ်ခုလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ခွင့်ပြု ဘဏ္ဍာငွေ ရရှိမှု အခြေအနေ၊ လူအင်အားနှင့် အချိန်ရရှိမှုအတိုင်းအတာ၊ ဒေသအခြေအနေ တို့အပေါ် မူတည်၍ အဆိုပါ လုပ်ငန်းများအား အဆင့်လိုက်၊ အပိုင်းလိုက် ဦးစားပေး လုပ်ငန်းအစီအစဉ်ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် အမျိုးသားအဆင့် ဘက်စုံ ကျောင်းကျန်းမာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၇-၂၀၂၂) အကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.