Connect with us

Education & Health

၁၀ တန်း စာမေးပွဲစတင်ဖြေဆို

ကျောင်းသူ ခန့်ခန့်နီသီဟအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဆယ်တန်း စာမေးပွဲကြီးကို ကျောင်းသား၊ကျောင်းသူများ ယနေ့ စတင်ဖြေဆိုနေကြပြီဖြစ်ပြီး၊ စာမေးပွဲအား စိတ်အေးအေးထားဖြေဆိုကြရန်၊ ၁၀ တန်းစာမေးပွဲသည် ဘဝကို ပြောင်းလဲစေမည့် တစ်ခုတည်းသော အဆုံးအဖြတ် မဟုတ်ကြောင်း မော်လမြိုင်တက္ကသိုလ် မှ စိတ်ပညာပါမောက္ခ ဒေါက်တာအောင်မြတ်ကျော်စိန်က ဆင်ဟွာကိုပြောသည်။

ဒေါက်တာအောင်မြတ်ကျော်စိန်က “မြန်မာစာပြီးတော့ နောက်ထပ် တခြားဘာသာရပ်တွေ လာတော့မယ်။ ဂုဏ်ထူးမှန်းပြီး ဖြေပေမယ့် ရချင်မှ ရမယ်။ ဂုဏ်ထူးမမှန်းပေမယ့်လည်း ရချင်ရမယ်။ ကလေးတွေအားလုံး စိတ်အေးအေးထားပြီးဖြေဖို့ ပြောချင်တယ်။ ကိုယ်ဖြေတဲ့ ဘာသာအားမရရင်တောင် ၊ ကိုယ်ရတဲ့ အမှတ်၊ ကိုယ်ရတဲ့ မေဂျာကနေ ကိုယ့်ဘဝကို အထူးချွန်ဆုံးတည်ဆောက်လို့ ရတယ်’’ ဟုပြောသည်။

မြန်မာတစ်နိုင်ငံလုံး ဆယ်တန်းစာမေးပွဲအားလုံး ယနေ့ စတင်ဖြေဆိုကြပြီ ဖြစ်သည်။ ဇီဝဗေဒ နှင့် ဘောဂဗေဒ ဘာသာတွဲများ ယူထားသူများသည် မတ်လ ၁၅ ရက်နေ့ အထိ စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး၊ ဝိဇ္ဇာတွဲ ယူထားသည့် သူများအနေဖြင့် မတ်လ ၁၇ ရက်နေ့ အထိ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။

၁၀တန်းကျောင်းသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

စာမေးပွဲဖြေဆိုပြီး ထွက်လာကြသည့် ကျောင်းသားကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ– ပညာရေးဝန်ကြီးဌာန)

အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း (တာမွေ) တွင် ၁၀ တန်းဖြေဆိုသည့် ကျောင်းသူ ခန့်ခန့်နီသီဟက “ဂုဏ်ထူးမှန်းထားတယ် ၅ လုံး လိုချင်တယ်။ ၃ လုံး လောက်တော့ သေချာရနိုင်မယ်လို့ထင်ပါတယ်။ဆရာဝန်ဖြစ်ချင်လို့ ကြိုးစားခဲ့တာပါ။’’ ဟု ဆင်ဟွာကိုပြောသည်။

ကျောင်းသားမိဘများသည် မိမိသားသမီးများ၁၀ တန်းစာမေးပွဲကောင်းစွာဖြေဆိုနိုင်ရန် အဓိဌာန်ဝင်ခြင်း၊ ယတြာချေခြင်းများ ပြုလုပ်ပေးကြသလို ၁၀ တန်းစာမေးပွဲ ဖြေဆိုကြသည့် မိမိတို့ သားသမီးများအား ကျောင်းအပေါက်ဝတွင် စောင့်မျှော်လျက်ရှိကြသည်။

ယနေ့ မြန်မာစာဖြေဆိုရသည့် နေ့ဖြစ်ပြီး ကျောင်းသား အများစုသည် ဖြေဆိုနိုင်ကြကြောင်း၊ ကျက်မှတ်ထားသည်များ နှင့် တိုးခဲ့ကြောင်း စာမေးပွဲခန်းမှ ထွက်လာသည့် ကျောင်းသားတချို့အားမေးမြန်းချက်အရ သိရသည်။

အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း (တာမွေ) တွင် ၁၀ တန်းဖြေဆိုသည့် ကျောင်းသား ကိုကိုထက်က “မြန်မာစာမေးခွန်းက လွယ်ပါတယ်။ မေးခွန်းတွေတိုးတယ်။ ကိုယ်ကျက်တာတွေ ပါတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

ဇီဝဗေဒ တွဲနှင့် ဘောဂဗေဒ တွဲတို့ သည် ၁၁ ရက်နေ့ ၁ရက် ပိတ်မည်ဖြစ်ပြီး၊ စိတ်ကြိုက်မြန်မာစာတွဲ သည် ၁၃၊၁၄၊၁၅ နားကာ ၁၆ ရက်နေ့ နှင့် ၁၇ ရက်ကို ဆက်လက်ဖြေဆိုရမည်ဖြစ်သည်။ ၁၀ တန်း အောင်စာရင်း ထွက်သည့်အချိန်တွင် ကျရှုံးကျောင်းသူ၊ ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်း ကျောင်းများဖွင့်ပေးသင့်ကြောင်း ပညာရှင်တချို့ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူများ စိတ်အေး ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်နယ်မြေရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ဝန်ဆောင်မှု များ ဆောင်ရွက်ပေးရန် ၊ စာမေးပွဲမေးခွန်း/အဖြေလွှာများ ထုတ်/သွင်း ပို့ဆောင်စဉ် စီမံချက်ပါအတိုင်း လုံခြုံရေး အထူး ဂရုပြု ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.