Connect with us

Education & Health

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ တွင် တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဖြေဆိုသူ ၈၅၁,၅၇၀ ရှိ

၂၀၁၉ ခုနှစတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မတ်လ ၆ ရက် တွင် စတင်ဖြေဆိုကြရာ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင် ဖြေဆိုသူပေါင်း ၈၅၁,၅၇၀ ရှိ ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စာစစ်ဌာန များ အနေဖြင့် နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၆၅ ခု၊ စာစစ်ဌာန စုစုပေါင်း ၁၈၈၆ ခုရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၈၅၁,၅၇၀ အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၉၄ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၁၅ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၂ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၁ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၄၀ ရှိကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကြားအာရုံမသန်စွမ်း စာဖြေသူများ အတွက် မေးခွန်းပုံစံကို သဘောပေါက်နားလည်ရန် လူမှုဝန်ထမ်းသင်တန်းကျောင်းမှ ဆရာ ဆရာမများက Sign Language ဖြင့် ၁၅ မိနစ် ရှင်းလင်းပေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.