Connect with us

Education & Health

၂၀၂၀ပြည့်နှစ် ကျောင်းဖွင့်ချိန် တွင် ပညာရေးဝန်ကြီးဌာ အနေဖြင့်မြန်မာနိုင်ငံ နှင့် ကိုက်ညီမည့် သင်ကြားမှုနည်းလမ်း အားရွေးချယ်၍ တရားဝင်သတင်းများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းဆို

ကျောင်းတွင် စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူလေးများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် ကျောင်းဖွင့်ချိန် တွင် COVID-19 ရောဂါ ကြောင့် အွန်လိုင်းစနစ်ဖြင့် သင်ကြားမည် ဟု ပြင်ပ တွေ ပြောဆိုနေကြခြင်းသည် စဉ်းစားသည့်အချက်များထဲမှ အချက်တစ်ခုသာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တစ်ခြားနိုင်ငံ များ ၏ လုပ်ပုံလုပ်နည်းအားလေ့လာ၍ မြန်မာနိုင်ငံ နှင့် ကိုက်ညီမည့် သင်ကြားမှုနည်းလမ်း အားရွေးချယ် ၍  တရားဝင်သတင်းများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး ဝင်းက ဆင်ဟွာသို့မေ ၄ ရက်တွင် ပြောသည်။ 

ဦးကိုလေးဝင်းက “မြန်မာ့ပညာရေး ရုပ်သံလိုင်း ကို ဒီနေ့ ကျွန်တော်တို့ စလွှင့်တယ်။ လူတွေက ဒါက COVID-19 ရောဂါကြောင့် သင်ကြားရေလုပ်တာ ထင်တယ်။ ဒါက လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး ထုတ်တဲ့ ရုပ်သံလိုင်းဖြစ်ပါတယ်။ ဇွန်လ မှာ ပုံမှန် ကျောင်းဖွင့်နိုင် မဖွင့်နိုင် နဲ့ ကလေးတွေ နစ်နာမှုမရှိဖို့ ဆိုတာ လက် ရှိမှာ ကျွန်တော် တို့ အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆွေးနွေးနေပါတယ်’’ ဟုပြောသည်။

COVID-19 ကာလကျောင်းသားတွေ ကို အွန်လိုင်းကနေ စာသင်မယ်ဆိုတာ က စဉ်းစားမှုတစ်ခုသာ ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာတွင် ဒိန်းမတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ က ကျောင်းများဖွင့်လျက် ရှိကြောင်း၊ ၎င်းနိုင်ငံများ ၏ အခြေအနေများအားလည်း လေ့လာလျက်ရှိကြောင်း၊  နိုင်ငံ အများစု တွင် ကျောင်းများပိတ်ထားကြောင်း သိရသည်။

ဦးကိုလေးဝင်းက  “တစ်ခြားနိုင်ငံ တွေ ဘယ်လိုလုပ်နေတယ်ဆိုတာ ကို လေ့လာပြီး ဖြစ်နိုင်ချေ ရှိတဲ့ အချက် ကို လေ့လာတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သဘာဝနှင့် လက်ရှိအနေအထားအရ ဖြစ်နိုင်ချေ ရှိတာကို စဉ်းစားနေကြပါတယ်။  ရှိသမျှ ကျောင်းသား အားလုံး ကို အွန်လိုင်း က သင်ကြားနိုင်ဖို့ ဆိုတာ က ချက်ချင်း မဖြစ်နိုင်သေးပါဘူး။အွန်လိုင်းက သင်ကြားဖို့ ဆိုပါက ဒစ်ဂျစ်တယ် သင်ရိုးညွှန်းတန်း ကအစ လိုအပ်တာပါ။ ဒါက စဉ်းစားတဲ့ အချက်တွေ ထဲက အချက်ပါ။ အင်တာနက်မရှိတဲ့ ဒေသ တွေ ကွန်ပြူတာတို့ စမတ်ဖုန်း မရှိတဲ့ မိဘတွေ က စိုးရိမ်ကြဦးမယ်။ ကောလာဟလတွေကို မယုံကြဖို့ထပ်ပြီးပြောချင်ပါတယ်’’ ဟုပြောသည်။

တစ်ချို့ နိုင်ငံများ တွင် စာအုပ်ဝေထား၍ အိမ်က နေ လေ့လာတာမျိုး ဆိုသည့် နည်းစနစ်အားလည်း အသုံးပြုလျက်ရှိကြောင်း၊ ထို့ကြောင့်  နည်းလမ်းမျိုးစုံ အားစဉ်းစားလျက် ရှိကြောင်း၊ မည်သည့်နည်းလမ်းအား အသုံးပြုမည်ဆိုသည်ကို  သတင်းများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုလေးဝင်းက “အဆိုးဆုံးအခြေ အနေမှာ ဘယ်လို လုပ်ရမလဲဆိုတာ က အစ ကျွန်တော်တို့ က စဉ်းစားရပါတယ်။ အခြေအနေကောင်း လို့ ဇွန် လမှာ ကျောင်းဖွင့်ရင်တောင် ၆ ပေ အကွာ၊ လက်ဆေးဖို့၊ နှာခေါင်းစည်း ဖို့ စတဲ့ အချက် တွေ ကို စဉ်းစားရပါတယ်။ COVID-19 လုံးဝ ငြိမ်ပြီ ဆိုမှ ဖွင့်ရင် လည်း နစ်နာမှုတွေ က များတယ်။   ကျောင်းနောက်ကျ မှ ဖွင့်မလား ဆိုတာ အပါအဝင် ထောင့်စေ့အောင်စဉ်းစားသွားမှာပါ။’’ ဟုပြောသည်။  မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းသားဦးရေပေါင်း ၉ဒသမ၇ သန်း ရှိပြီး၊ ဆရာ၊ဆရာမ ဦးရေပေါင်း ၄ဒသမ၅ သိန်းရှိကြောင်း သိရသည်။ (Xinhua)