Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်တောင်ပြို၍ လမ်းပိတ်

တောင်ပြိုကျပြီး ကုန်တင်ယာဉ်ပိတ်မိနေစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဆဒုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော် – ဆဒုံး – ကန်ပိုက်တည် ကားလမ်းမိုင်တိုင်အမှတ် ၃၀/၃၁ ကြားနှင့် ၃၆/၃၇ ကြား၌ ယနေ့ (ဇူလိုင် ၂၇ ရက်)နံနက်(၅) နာရီခန့်တွင် တောင် ပြို၍ကားလမ်း ပိတ်ဆို့နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်တိုင်အမှတ် ၃၀/၃၁ ကြား တောင်ပြိုသည့်နေရာတွင် ကုန်တင်ယာဉ် ပိတ်မိနေပြီး ကုန်တင်ယာဉ်နှင့် ခရီးသွားယာဉ်များက လမ်းပိတ်ဆို့နေသည့်နေရာတွင် ရပ်တန့်စောင့် ဆိုင်းနေကြောင်း သိရသည်။လက်ရှိတွင် လမ်းပိတ်ဆို့နေသောနေရာအား ဖယ်ရှား ရှင်းလင်းဆောင်ရွက်နေကြောင်းသိရသည်။(Xinhua)