Connect with us

Environment, Disasters & Accidents

ကသာခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ရေဝင် ၊ ရထားလမ်းရေကျော်

မန္တလေး- မြစ်ကြီးနား သံလမ်းရေကျော်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ကသာခရိုင် ဝန်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ်းခမ်းကျေးရွာ လူနေအိမ် အချို့၌ ရေများ ဝင်ရောက် ခဲ့သလို မန္တလေး- မြစ်ကြီးနား သံလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် ကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်လျက် ရှိကြောင်း ဝန်းသို ပြန်/ဆက်မှ သတင်း ထုတ်ပြန်သည်။

နမ်းခမ်းကျေးရွာ ဘူတာစုရပ်နှင့် အောင်ဇာနည်ကုန်း ရပ်ကွက်သို့ ဆက်သွယ်ဖောက် လုပ်ထားသော နမ်းခမ်း တံတားအနီးရှိ နေအိမ်အချို့တွင် ဇူလိုင်လ ၂၀ ရက်နေ့ မွန်လွဲ ၁ နာရီခန့် အချိန်၌ ရေများ စတင် ဝင်ရောက်ခဲ့ သဖြင့် ဒေသခံ ပြည်သူများ၊ နေအိမ်များ၊ အိမ်မွေး တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် နမ်းခမ်း ရဲကင်းမှူး ရဲအုပ် သန်းဝေဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေး အဖွဲ့ အစည်းများမှ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဂျိုးတောင်ကျေးရွာနှင့် မန်းကျည်းကုန်းကျေးရွာ လူနေအိမ်အချို့တွင် ရေများ ဝင်ရောက် ခဲ့သော်လည်း လူနှင့်တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ကသာခရိုင် ဝန်းသိုမြို့နယ် မဲဇာနှင့် ဘုံချောင်းကြား မိုင်တိုင်အမှတ် ၅၆၇/ ၃-၄ ကြား အကျယ် ၈ ပေ ၊ အနက် ၆ ပေခန့် ရေတိုက် စားမှုကြောင့် မန္တလေး -မြစ်ကြီးနား ရထားများ ပြေးဆွဲမှုကို ခေတ္တရပ်ဆိုင်း ထားကြောင်း သိရသည်။
အဆိုပါ ရေတိုက်စားမှုအား သံလမ်း လက်ထောက် အင်ဂျင်နီယာ ဦးမွှေးနှင့် လုပ်သား (၂၀) ဦးတို့ ရထားများ ပုံမှန် ပြန်လည် ပြေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့မီးရထား ဝန်းသိုဘူတာ ရုံပိုင်ကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.