Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ စေတမန်ယာဉ် တိမ်းမှောက်မှုကြောင့် ၂ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ်တိမ်းမှောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ- အမြန်လမ်း ရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၉၀ အကျော်တွင် စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ်သည် ရန်ကုန်-တောင်ငူ ပြေးဆွဲစဉ် ဇူလိုင် ၁၅ ရက်ည ၁၀ နာရီဝန်းကျင်က မိုင်တိုင်အမှတ် ၉၆ နှင့် ၉၇ ကြားအရောက် တိမ်းမှောက်ခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူများထဲမှ အမျိုးသား ၁၃ ဦး နှင့် အမျိုးသမီး ၁၃ ဦးကို မြို့ချောင်း ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ယင်း ယာဉ်မှောက်မှုအား ၁၁၅ မိုင် ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ရှိသူများနှင့် မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်ကယ်ဆယ် ကူညီမှုများ ပြုလုပ်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် စေတမန် ခရီးသည်တင်ယာဉ်ဟာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၅၀) ခန့်ဆုံးရှုံးပျက်စီးခဲ့ပြီး ယာဉ်မောင်းကို မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) (၉၁/၂၀၁၆) ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၀၄) က/၃၃၈ /၃၃၇/၂၀၂ ဖြင့် အမှုဖွင့်ထားသည်။ (Xinhua)