Connect with us

Environment, Disasters & Accidents

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားခဲ့သည့်အတွက် ရေကျော်မှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ မြို့ပတ်လမ်း၊ ထားဝယ်စုရပ်ကွက်တွင် ဇူလိုင် လ ၁၀ ရက်နေ့ တွင် မိုးသည်းထန်သဖြင့် ရပ်ကွက်အတွင်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၀ရက်နေ့ နံနက်လင်းအားကြီးအချိန်မှစတင်ကာ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်စောင်း၊ တောင်ကုန်းများပေါ်မှတစ်ဆင့် မိုးရေများစီးဆင်းလာကာ ရွှေပြည်စိုးကျေးရွာမှတစ်ဆင့် ကော့သောင်းမြို့တွင်းသို့ ဝင်ရောက်သည့် မြို့ပတ်လမ်းဘေးရှိ ထားဝယ်စုရပ်ကွက် လမ်းများပေါ်တွင် ရေလွှွမ်းမှု ဖြစ်ပေါ်ခဲ့ရာ နံနက် ၆ နာရီမှ နံနက် ၈ နာရီခန့်အထိ ယာဉ်သွားလာမှုများ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ရပ်ကွက်ပြည်သူများ၏ နေအိမ်အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

နံနက် ၁၁ နာရီခန့်တွင် မိုးစဲသွားခဲ့ရာ လမ်းမပေါ်ရှိရေများ ပြန်လည်ကျဆင်းသွားခဲ့ပြီး အများပြည်သူ ယာဉ်သွားလာမှုများ ပြန်လည်အဆင်ပြေခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.