Connect with us

Environment, Disasters & Accidents

စစ်တောင်းမြစ်ရေ မြင့်တက်၍ မဒေါက်မြို့၌ လူနေအိမ်များ ရေနစ်မြုပ်

စစ်တောင်းမြစ်ရေမြင့်တက်ပြီး မဒေါက်မြို့၌ ရေကြီးနေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်၍ မဒေါက်မြို့၌ လူနေအိမ်များ ရေနစ်မြုပ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မဒေါက်မြို့ စစ်တောင်းမြစ်ရေ သည် ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၂၁၄ စင်တီမီတာသို့ ရောက်ရှိနေကာ မြစ်ရေမြင့်တက်၍ လူနေအိမ်များ ရေနစ်မြုပ်ပြီး ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။

မြို့၏ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ဇူလိုင် ၂၅ ရက်နေ့ ညက မြို့မ ၁ ရပ်ကွက်၌လူနေအိမ် ၂၉ လုံး ရေနစ်မြုပ်ခဲ့သဖြင့် တိုင်တရာ ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ တာဝန်ရှိသူများက အလျင်အမြန် ရွှေ့ပြောင်းခဲ့ရပြီး ဇူလိုင် ၂၆ ရက်နေ့တွင် ၁၁ အိမ် ထပ်မံ နစ်မြုပ်ခဲ့ကြောင်း၊ ၎င်းအပြင် မြို့မ ၂ ရပ်ကွက်၌ လူနေအိမ် ၃၀ ရေနစ်မြုပ်နေသဖြင့် တံခွန်တိုင်ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေး စခန်း သို့ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.