Connect with us

Environment, Disasters & Accidents

ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း ရေကျော်မှုအား အန္တရာယ်မဖြစ်ပေါ်ရေးဆောင်ရွက်

ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း ရေကျော်နေမှုကိုတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း ရေကျော်နေမှုအား အန္တရာယ်မဖြစ်ပေါ်ရေးဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၀၂၂ ထက် ၁၄ စင်တီမီတာကျော်လွန်မြင့်တက်လာမှုကြောင့် ယနေ့နံနက်ပိုင်း၌ ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၂၆/၄ နှင့် ၁၂၆/၆ အကြား၊ မိုင်တိုင်အမှတ် ၁၂၉/၀ နှင့်၁၂၉/၂ ကြားတို့တွင် ရေအနက် ၁ ပေခွဲခန့် လမ်းရေကျော်မှုဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ အဝေးပြေးကားလမ်း ရေကျော်မှုကြောင့် ယာဉ်များသွားလာမှု အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.