Connect with us

Environment, Disasters & Accidents

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတွင် ပလင်းကမ်းသာယာ ဆင်စခန်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်

ဆင်ထိန်းသိမ်းရေးနှင့် အပန်းဖြေ စခန်း တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

ညောင်ဦးမြို့နယ်၊ ပလင်းကျေးရွာ အနီး၊ ဧရာဝတီ မြစ်ကမ်းပါးဘေးတွင် ပလင်းကမ်းသာယာ ဆင်စခန်း ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်း အတွင်း ဆင်စီးခြင်း၊ ဧရာဝတီမြစ်အတွင်း ရေယာဉ် အပျော်စီးခြင်း များအပြင် လာရောက်အပန်းဖြေသည့် ဧည့်သည်များအတွက် ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ၊ ဗဟုသုတ ပညာပေး အစီအစဉ်များလည်း ဆောင်ရွက် ထားစေလိုကြောင်း၊ ဧည့်သည်များအတွက် ဆင်စီးနိုင်မည့် အချိန်၊ ဆင်စီးနိုင် မည့် လမ်းကြောင်း၊ ကြာမြင့်ချိန်၊ ဧရာဝတီမြစ်အတွင်းရှိ သဲသောင် ခုံတွင် ဆင်ရေချမည့် အချိန်များအား ပုဂံဒေသသို့လာရောက် လည်ပတ်မည့် ခရီးသွားဧည့်သည် များ ကြိုတင်သိရှိနိုင်ရန်အတွက် ခရီးသွားလုပ် ငန်းဆောင် ရွက်သည့်အဖွဲ့များနှင့် ဆက်သွယ် ကြော်ငြာထားရန် လိုအပ်ကြောင်း၊ ဆင်စခန်း တည်ဆောက် ရာတွင်လည်း ဆင်များအတွက် အစား အစာ၊ ဆေးဝါးကုသပေးနိုင်မည့် အခြေအနေ၊ ဧည့်သည်များအတွက် သန့်ရှင်းသပ်ရပ်မှု စသည် တို့ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း ၊ ဆင်စခန်းအမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များအား သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည့် နေရာသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်တွင် ရောက်ရှိ စစ်ဆေးခဲ့ရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.