Connect with us

Environment, Disasters & Accidents

တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျောင်း(၃၀)ယာယီပိတ်

စာသင်ကျောင်းများအတွင်း ရေများဝင်ရောက်လာမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၃၀ ယာယီပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တနင်္သာရီမြို့နယ်မြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၇)ပေထက် ကျော်လွန်ပြီး ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ၂၄ ပေ ၃ လက်မ အထိသို့ ရောက်ရှိနေပါသဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၈)ကျောင်းထပ်မံ ပိတ်ထားရပြီး ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ကျောင်း(၁၂)ကျောင်း ပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်လိုက်ရသည့် ကျောင်းများမှ ကျောင်းသူ/သားများအား ပိတ်ရက်ကာလအစား စနေ၊ တနင်္ဂနွေ ပိတ်ရက်များအတွင်း အစားထိုးသင်ကြားရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။(Xinhua)