Connect with us

Environment, Disasters & Accidents

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၆၁၉ တန်ကျော် တရားခံ ၅၀တို့အားဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် သစ်တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၆၁၉ တန်ကျော် တရားခံ ၅၀၊ ယာဉ်/ယန္တရား အစီး ၆၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီး ရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့ စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် သစ်တောဦးစီး ဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၉၄ ဒသမ ၇၇၅၂ တန်၊ သစ်မာ ၁၅၅ ဒသမ ၄၆၈၇ တန်၊ အခြား ၂၆၈ ဒသမ ၉၉၇၇ တန်၊ စုစုပေါင်း ၆၁၉ ဒသမ၂၄၁၆တန်တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.