Connect with us

Environment, Disasters & Accidents

မိုးရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှုမရှိစေရန် ရေကင်းများ ချထားပြီး စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျက်ရှိဟုဆို

သဖန်းဆိပ်ရေလှောင်တမံအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ဇူလိုင်၂၆ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်းတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှုမရှိစေရေး အတွက် ရေကင်းများ ချထားပြီး စောင့်ကြပ်ကြည့်ရှုဆောင်ရွက်လျက်ရှိကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

တည်ဆောက်ပြီး ရေလှောင်တမံကြီး ၂၁ခုတွင် သတ်မှတ်ရေလှောင်ပမာဏ ပြည့်မီသဖြင့် ဆည်တာများ ကျိုးပေါက်မှုမရှိစေရေး ၊ရေပိုလွှဲများမှ ရေများထုတ်လျက်ရှိကြောင်း နှင့် တာတမံများ ကျိုးပေါက်မှု မရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ရေလှောင်တမံကြီးများတွင် သတ်မှတ်ရေလှောင်ပမဏ ပြည့်မီမှု ရှိသဖြင့် ဆည်တာတမံကျိုးပေါက်မှု မရှိစေရေးအတွက် ရေပိုလွှဲများမှ ရေထုတ်လွှတ်လျက်ရှိသည့် တာတမံ ၂၁ ခုမှာ ကြီးအုံကြီးဝရေလှောင်တမံ၊ ကညင်ရေလှောင်တမံ၊ မန်းရေလှောင်တမံ၊ ရာဇဂြိုဟ်ရေလှောင်တမံ၊ နန်ကသူရေလှောင်တမံ၊ ကင်းတပ်ရေလှောင်တမံ၊ ရေဘုတ်ရေလှောင်တမံ၊ သိန်ရင် ရေလှောင်တမံ၊ ပြိုင်းချောင်းရေလှောင်တမံ၊ တောင်နဝင်းရေထိန်းတမံ၊ မင်းမြင်ရေလှောင်တမံ၊ လင်ပန်းရေလှောင်တမံ၊ ပေကြီးရေလှောင်တမံ၊ ဇာမဏီရေလှောင်တမံ၊ မင်းရဲရေလှောင်တမံ၊ လိုင်ဗားရေလှောင်တမံ၊ ရှောက်ချောင်း ရေလှောင်တမံ၊ ဘန့်ဘွေးကုန်းရေလှောင်တမံ၊ စဉ့်ကူးချောင်းဂေါင်းရေလှောင်တမံ၊ ပျဉ်ပုံကြီးဆည်ရေလှောင်တမံ၊ ဝါးပါးရေလှောင်တမံတို့ဖြစ်ကြသည်။

ရေလှောင်တမံကြီးများ နှင့် ရေလှောင်တမံ ၁၆ ခုတွင် သတ်မှတ်ရေလှောင်ပမာဏ ပြည့်မီခြင်း မရှိကြောင်း နှင့် အဆိုပါရေလှောင်တမံများမှာ သဖန်းဆိပ်ရေလှောင်တမံ၊ ခပေါင်းရေလှောင်တံ၊ ကင်းတားရေလှောင်တမံ၊ ဖြူးရေလှောင်တမံ၊ ဆည်တော်ကြီးရေလှောင်တမံ၊ ပေါင်းလောင်းရေလှောင်တမံ၊ ဆင်သေရေလှောင်တမံ၊ ချောင်းမငယ်ရေလှောင်တမံ၊ ငလိုက်ရေလှောင်တမံ၊ ရေဆင်းရေလှောင်တမံ၊ မဒန်းရေလှောင်တမံ၊ မြို့လှ(တပ်ကုန်း)ရေလှောင်တမံ၊ သဲဖြူရေလှောင်တမံ၊ တောက်ပြိုရေလှောင်တမံ၊ မုံချောင်းရေလှောင်တမံ၊ ကင်းသာရေလှောင်တမံ တို့ဖြစ်ကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွါးသည့် ဒေသများတွင် ကယ်ဆည်ရေးလုပ်ငန်းများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)