Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်း အသင့် အတင့် မှ လှိုင်းကြီးနိုင်

မုန်တိုင်းငယ် တည်ရှိမှု အခြေအနေအား တွေ့ရစဉ်(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကမ်း‌ခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်သော်လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေ သည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည့် အတွက် ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုထားသည်။
မြန်မာ စံတော်ချိန် နံနက် ၆ နာရီခွဲ အချိန် တိုင်းထွာချက် အရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားကမ်း‌ခြေ ကန်နင်းမြို့အနီး တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း ၊ မုန်တိုင်းငယ်၏ အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.