Connect with us

Environment, Disasters & Accidents

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းစဉ် လေတိုးဝင်၍ ပြန်လည်ဆင်းသက်

စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းစဉ် လေယာဉ်မောင်းအခန်းအတွင်းသို့ လေတိုးဝင်၍ ပြန်လည်ဆင်းသက်လာသော လေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင်(ခရီးစဉ်အမှတ် UB 206)သည် အောက်တိုဘာ ၂၆ ရက်နေ့ ည ၇နာရီ ၁၅မိနစ်တွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းစဉ် လေယာဉ်မောင်းအခန်းအတွင်းသို့ လေတိုးဝင်၍ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းစဉ် လေယာဉ်မောင်းအခန်းအတွင်းသို့ လေတိုးဝင်လာ၍ စစ်တွေလေဆိပ်သို့ ည ၇နာရီ ၅၅ မိနစ်တွင် ပြန်လည်ဆင်းသက်ခဲ့ရပြီး ဆင်းသက်ချိန်တွင် ခရီးသည်များ ထိခိုက်မှု မရှိခဲ့ကြောင်း၊ အဆိုပါ လေယာဉ်အား ပြုပြင်မှုများပြုလုပ်ပြီး ည ၉ နာရီ ၁၇ မိနစ်တွင် ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ လေယာဉ်တွင် ပြည်တွင်းပြည်ပ ခရီးသည်နှင့် လေယာဉ်မောင်းအပါအဝင် စုစုပေါင်း ၉၇ဦး စီးနင်းလိုက်ပါလာပြီး လေယာဉ်ပြန်လည်ပြုပြင်စဉ် ခရီးသည် ၃၄ဦးသည် မိမိဆန္ဒအလျောက် ရန်ကုန်သို့ လိုက်ပါခြင်းမရှိဘဲ စစ်တွေလေဆိပ်တွင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။(Xinhua)