Connect with us

Economy

မြန်မာအမျိုးသားလေကြောင်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ယနေ့ စတင် ပျံသန်းပြေးဆွဲ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-MNA)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ကူမင်းမြို့သို့ ယနေ့ (နိုဝင်ဘာ ၅ရက်)တွင် စတင် ပျံသန်းပြေးဆွဲခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။

အဆိုပါ မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် – ကူမင်းခရီးစဉ် (UB- 805)တွင် ခရီးသည်အရေအတွက် ၃၇ ဦးလိုက်ပါခဲ့ကြောင်း၊ကူမင်း-ရန်ကုန် ခရီးစဉ် (UB- 806)တွင် ခရီးသည်အရေအတွက် ၃၉ ဦးပျံသန်းလိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်-ကူမင်း-ရန်ကုန်ခရီးစဉ်ကို တစ်ပါတ်လျှင် သုံးကြိမ် တနင်္လာနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 မှ Boeing 737-800 NG လေယာဉ်ဖြင့်ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ်၏ လက်မှတ်ခနှုန်းထားများသည် အသွားတစ်ကြောင်းလျှင် USD ၂၇၉ ဒေါ်လာ ၊ အသွားအပြန်လေယာဉ်လက်မှတ်ခနှုန်းထားမှာ USD 464 ဒေါ်လာ ရှိကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန်-ကူမင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ခရီးစဉ်Cargo Flightကို ယခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပေးဆွဲခဲ့ကြောင်း၊ အဆိုပါ ရန်ကုန်-ကူမင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ခရီးစဉ်Cargo Flightကို နေ့စဉ်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)