Connect with us

Science & Technology

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ တိုးချဲ့ပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MNA)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ အမျိုးသားလေကြောင်း (MNA) လိုင်းမှ ပဉ္စမမြောက် နိုင်ငံတကာ ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံ ဖူးခက် မြို့သို့ လာမည့် မတ် ၂၅ ရက်မှ စတင်ကာ တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သစ်ကို မတ် ၂၅ ရက်မှ စတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ်(တနင်္ဂနွေနေ့ နှင့် သောကြာနေ့)တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်Terminal 2မှ စတင်ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ညနေ ၅ နာရီ ၅၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ ည ၈ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ ဖူးခက်မြို့မှ ဒေသစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာလာမည် ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၃၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ဖူးခက်ခရီးစဉ်အတွက် အသွားအပြန် လေယာဉ်လက်မှတ်ခနှုန်းထားမှာ အမေရိကန် ဒေါ်လာ ၂၅ဝ မှ စတင်ကောက်ခံသွားမည် ဖြစ်ကြောင်း၊မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်ပြီး နိုင်ငံတကာခရီးစဉ် အဖြစ် ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် ရန်ကုန်-စင်ကာပူ ခရီးစဉ်၊ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်-ဟောင်ကောင်ခရီးစဉ်၊ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်-ဘန်ကောက်ခရီးစဉ်၊ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ လတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်တို့သို့ ပြေးဆွဲခဲ့ပြီး ဖြစ်ပြီး ယခုနှစ် မတ်လတွင် ရန်ကုန်-ဖူးခက် ခရီးစဉ်ကို ဆက်လက်ပြေးဆွဲသွား မည်ဖြစ်သည်။

မြန်မာ အမျိုးသားလေကြောင်းလိုင်းသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း ခရီးသည် ခြောက်သိန်းနီးပါး သယ်ဆောင်နိုင်ခဲ့ပြီး ပွင့်လင်းရာသီနှင့် ဘဏ္ဍာနှစ် အကုန်တွင် ခရီးသည် ၁.၅ သန်းသယ်ယူ ပို့ဆောင်နိုင်ရန် ရည်မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117