Connect with us

Environment, Disasters & Accidents

ရခိုင် ပြည်နယ် သံတွဲမြို ့အနီး အင်အားရစ်(ခ်)တာ စကေး ၅.၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

သံတွဲမြို့ အနီး လှုပ်ခတ်သွားခဲ့သည့် မြေငလျင် ဆိုင်ရာ သတင်းအချက်အလက်ပြ ဇယားကွက်အား တွေ့ ရစဉ် (ဓာတ်ပုံ - မိုး/ဇလ)

ရန်ကုန် ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် သံတွဲမြို ့အနီး၌ ယနေ့နံနက်ပိုင်းတွင် အင်အားရစ်(ခ်)တာ စကေး ၅.၅ အဆင့်ရှိ ၊ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သံတွဲမြို့တွင် နေထိုင်သူများ သိရှိ ခံစားခဲ့ရကြောင်း မြေငလျင် ဌာနခွဲထံမှ သိရသည်။

မြေငလျင်သည် သံတွဲမြို့၏ အရှေ့ဘက် (၁၅)မိုင်ခန့်အကွာတွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ပြီး ၎င်းငလျင် လှုပ်ခတ်မှုကို သံတွဲမြို့တွင် နေထိုင်သူများ သိရှိခံစားခဲ့ရကြောင်း ၊ လက်ရှိ အချိန်ထိ ထိခိုက် ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းမြေငလျင်သည် မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၄)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၁၆၀ ခန့် ကွာဝေးသော သံတွဲမြို့၏ အရှေ့ဘက် (၁၅)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် (၁၈.၄၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၉)ဒီဂရီ အကြားတွင် အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ် သွားခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)