Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး သာကေတတံတားအဆင်းတွင် မီနီဘတ်စ်ယာဉ်တိမ်းမှောက်၍ ငါးဦးဒဏ်ရာရ

မီနီဘတ်စ်ယာဉ်တိမ်းမှောက်ပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ဘက်မှ မင်္ဂလာဈေးဘက်သို့ မောင်းနှင်လာသည့် YBS 8 မီနီဘတ်စ် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် ခရီးသည် ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ် မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဒေါပုံမြို့နယ်ဘက်မှ မင်္ဂလာဈေးဘက်သို့ ယာဉ်မောင်း ဇော်ဇော်ထွန်း (စုံစမ်းဆဲ) မောင်းနှင်လာ သည့် YGN 9G/——- ဟွန်ဒိုင်းမီနီဘတ်စ် YBS 8 ယာဉ်သည် သာကေတတံတား (ဒေါပုံ)အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်ပါ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေသူ များဖြစ်ကြသည့် ဒေါ်မြစန်း(၆၀ နှစ်)၊ မနန်းစုစုအေး(၂၇ နှစ်)၊ သာကေတမြို့ နယ်နေသူများဖြစ်သည့် မခင်သဇင်ဝင်း (၁၈ နှစ်)၊ ကိုကျော်သူစိုး(၂၁ နှစ်)နှင့် မမြတ်သဇင်အောင် (၂၇ နှစ်)တို့တွင် ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇော်ဇော်ထွန်း(စုံစမ်းဆဲ)အား မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.