Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင် ယာဉ်နှစ်စီးတိုက်မိပြီး လူ၁၆ ဦး ဒဏ်ရာရရှိ

ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်( အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်၊နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၄/၁)နှင့် (၁၉၄/၂)ကြားတွင် ယနေ့ နံနက် ၁နာရီခွဲတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိမှုကြောင့် ခရီးသည် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မင်းသစ္စာခရီးသည်တင်ယာဉ်သည် ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်၏ အနောက်ပိုင်းအားဝင်ရောက်တိုက်မိမှုခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် မင်းသစ္စာယာဉ်ပေါ်ပါ ခရီးသည် ၃၃ ဦးအနက် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေစင်စင်္ကြာခရီးသည်ယာဉ်ပေါ်ပါ ခရီးသည် ၄၃ဦးအနက် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တိုက်မှုအား ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ Polan Heavy Towing Rescueယာဉ်(၁)စီး၊ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ ၊ပလွေးအမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ဖြင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို  နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.