Connect with us

Environment, Disasters & Accidents

သဘာဝဘေးအန္တရာယ်များကို ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် ဒုတိယ သမ္မတ ညွှန်ကြား

ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်( နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေကြရသူများထံ သဘာဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍ ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

နိုင်ငံအတွင်း ရေကြီးရေကြီးရေလျှံမှုများကြောင့် နစ်နာဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း၊ လတ်တ လောရေကြီးရေလျှံမှုများကြောင့် ပဲခူးတိုင်းဒေသကြီး၊ တနသာၤရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိရာ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေကြောင်း ၎င်းက ဆိုသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်သည်များကို မျှော် မှန်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ် ငန်းများကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကပြောသည်။

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက သဘာဘေးအန္တရာယ်ကြုံတွေ့ခံစားနေကြရသူများ အတွက်ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက် ကူညီဆောင်ရွက်သွားမည့်အစီအမံများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်သွား မည့်အခြေအနေများ၊ ချက်ချင်းတုန့်ပြန်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ထောက်ပံ့ ကူညီသွားမည့်အစီအစဉ်များ၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ကဏ္ဍဆိုင်ရာများနှင့် တပ်မတော်မှ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်နေရာများတွင် ပူးပေါင်းကူညီဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.