Connect with us

Environment, Disasters & Accidents

ဟားခါးမြို့နယ်၌ ယာဉ်တစ်စီး ချောက်ထဲ ထိုးကျ တိမ်းမှောက်မှုကြောင့် လူ ၅ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိ

ချောက်ထဲ ထိုးကျ တိမ်းမှောက်သွားသော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဟားခါးမြို့နယ်၊ လမ်သုတ်ကျေးရွာနှင့် လုံကြွေးကျေးရွာကြား ဟားခါး-ဂန့်ဂေါ ကားလမ်းမိုင်တိုင်(၄၁/၂-၃)ကြား၌ ဒီဇင်ဘာ ၂၂ ရက် နေ့လည် ၁နာရီခန့်က ယာဉ်တစ်စီး ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ခရီးသည် ၂၃ ဦး လိုက်ပါလာသည့် Dump Truck ၆ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အနက်ပေ ၆၀၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့၍ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအနက် သုံးဦးသည် စိုးရိမ်ရပြီး ကျန် ၁၅ဦးသည် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ထားကြောင်း သိရသည်။

ယင်း ယာဉ် ချောက်ထဲထိုးကျ တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း(သေဆုံး)အား ဟားခါးမြို့မရဲစခန်း ယာဉ်(ပ) ၃၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇ (ပေါ့လျော့မှု ကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)