Connect with us

Environment, Disasters & Accidents

အမြန်လမ်း၌ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး သေဆုံး ဒဏ်ရာရမှုရှိ

-အမြန်လမ်း၌ တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ယာဉ်အား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၁ အနီး ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ယနေ့ ဒီဇင်ဘာ ၂၂ ရက် ညပိုင်း အချိန်တွင် ဖြစ်ပွားခဲ့ရာ ည ၉ နာရီခွဲ အချိန်ထိ သေဆုံးသူ ဦးရေ ၈ ဦး ရှိကြောင်း မြို့ချောင်း အမြန်လမ်း ရဲစခန်းမှ သိရသည်။

ထိုခရီးသည်တင်ယာဉ်ပေါ်တွင် လူဦးရေ ၄၀ ကျော် ပါဝင်ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးသူ ဦးရေမှာ ၈ ဦးထိ ရှိနေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း မြို့ချောင်း အမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။ထိုယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း မိုင်တိုင် ၉၁ အနီးရှိ ရဲကင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ထို့အတူ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းနှင့် ဖြူး းအမြန်လမ်းမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်း သိရသည်။နေပြည်တော်မှရန်ကုန်သို့ထွက်ခွာလာသော မန္တလာမင်း ယာဉ်လိုင်းမှအဆိုပါ ခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ် ၉၁မိုင် ၄ဖာလုံနှင့်၅ဖာလုံကြားတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။(Xinhua)