Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ အချို့မြို့များတွင် ရေနည်းသတိပေးအမှတ်ကိုကျဆင်းနိုင်သလို ၊အချို့နေရာများတွင် လက်ရှိရေအမှတ်များထက်မြင့်တက်နိုင်

မြစ်ရေသတိပေးမှုဖြစ်ပေါ်နေသော ဧရာတီမြစ်ကမ်းပါးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် အချို့နေရာများတွင် ရေနည်းသတိပေးအမှတ်ကို ကျဆင်းနိုင်သကဲ့သို့ အချို့နေရာများတွင် လက်ရှိရေအမှတ်များထက် မြင့်တက်လျှက်ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီမြစ်ရေ သည် မန္တလေးမြို့ တွင် (၃၅၆) စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ထိ၊ ယင်းမြို့၏ ရေနည်းသတိ ပေးမှတ် (၃၆၀) စင်တီမီတာအောက် ပေဝက်ခန့် ဆက်လက်ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆း၃၀ နာရီ တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၂ ရက် ညနေ (၁၅း၃၀) နာရီအချိန် တိုင်းထွာ ချက်အရ မူဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် (၃၄၆) စင်တီမီတာသို့ ရောက်ရှိနေပြီး၊ (၁၀)နာရီအတွင်း (၇)ပေခန့်မြင့်တက်ခဲ့ကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၂)ရက် မှ (၃)ရက်အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် (၅)ပေ မှ(၆) ပေခန့်၊ နောက် (၄) ရက်မှ (၆) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် (၄)ပေ မှ (၅)ပေခန့်နှင့် နောက် (၇) ရက်မှ (၁၂) ရက်အတွင်း ချောက်မြို့၊မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် (၃) ပေမှ (၄) ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်နိုင်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

မြစ်ကြောင်းများအတွင်း သွားလာနေကြမည့် ရေယာဉ်၊ လှေ၊ သင်္ဘော များအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုး နေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေရုတ်တရက် တိုးလာနိုင်မှုကိုဂရုပြုနေထိုင်သင့် ပါကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.