Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ၊ ပန်ဝါမြို့၌ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံး

ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့မြင်ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ပန်ဝါမြို့ ရပ်ကွက် (၂) ၊ ပန်ဝါ-ချီဖွေ ကားလမ်းမ ဘေးရှိ နေအိမ်တစ်လုံးမှ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၃ ဦးအနက် ၁ ဦးမှာ သေဆုံးသွားခဲ့ကြောင်း မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထိုသို့ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ “မနက်က လေတိုက်တာကလည်း နည်းနည်း ပြင်းပါတယ်။ အခု ဖြစ်တဲ့ အိမ်ကလည်း လူမနေပါဘူး။ လေတိုက်တာ ပြင်းပြီးတော့ ဝါယာရှော့ ဖြစ်တာကနေ တဆင့် အဲဒီအိမ်မှာ ရှိတဲ့ သတ္တု လုပ်ကွက်တွေမှာ အသုံးပြုဖို့ထားတဲ့ ယမ်းတွေကနေ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ”ဟု မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဌေးက ဆင်ဟွာသို့ပြောသည်။

ပန်ဝါ-ချီဖွေ ကားလမ်းမဘေး ဘယ်ဘက်ခြမ်းရှိ နေအိမ်တစ်လုံးမှ ယနေ့ဖေဖော်ဝါရီလ ၂၃ ရက် နံနက် အစောပိုင်း အချိန်တွင် ပြင်းထန်စွာ ပေါက်ကွဲ မှုကြောင့် ဖြစ်ပွားသည့် နေအိမ်တွင် အနက် (၅) ပေ၊ အကျယ် (၁၀) ပေ ခန့် ချိုင့်ခွက် ဖြစ်ပေါ်ပြီး နေအိမ်မှာ ပေါက်ကွဲ ပျက်စီးသွားခဲ့ကာ ပတ်ဝန်းကျင်ရှိ နေအိမ် (၃) လုံးပေါ်သို့ အပိုင်းအစများ လွင့်စင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါက်ကွဲမှု အရှိန်ကြောင့် ပန်ဝါမြို့တွင်း (၄) ဖာလုံ ပတ်လည်ခန့်ရှိ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၏ မှန်ပြတင်းပေါက်များ၊ မှန်တံခါးများ၊ လျှပ်စစ် မီးသီးများနှင့် မီးချောင်းများ ကွဲ၍ လျှပ်စစ်မီး ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.