Connect with us

Environment, Disasters & Accidents

၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်း ဆောင်ရွက်လျက်ရှိ

ခရီးသည် တင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon-Mandalay Expressway)

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်း စီမံချက် (၂၀၁၄-၂၀၂၀) အရ ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်း ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသား ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီမှ သိရသည်။

ထိုရည်မှန်းချက် အရ အခြေခံနှစ် ဖြစ်သည့် ၂၀၁၃ ခုနှစ်တွင် မော်တော်ယာဉ်စီးရေ ၁၀၀၀၀ လျှင် သေဆုံးမှုနှုန်း ၉ ဒသမ ၂၆ ရှိရာမှ ၂၀၂၀ ခုနှစ်တွင် ၄ ဒသမ ၆၃ အထိ ကျဆင်းရန် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀၁၆ ခုနှစ် စာရင်းများ အရ ယာဉ်စီးရေ သေဆုံးမှုနှုန်း ၇ ဒသမ ၉၈ အထိသာ ကျဆင်းခဲ့သည့် အတွက် ရည်မှန်းချက် ပြည့်မီအောင် များစွာ ကြိုးပမ်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အထိ ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် ၁၄ ဒသမ ၈ ဦးခန့်သေဆုံးနေကြောင်း တွေ့ရှိရပြီး ယာဉ်တိုက်မှုများတွင် မော်တော်ဆိုင်ကယ်ကြောင့် ၄၈ ဒသမ ၈၅ ရာခိုင်နှုန်း ပါဝင်လျက် ရှိကြောင်း သိရသည်

ယာဉ်တိုက်မှုများ လျော့နည်း ကျဆင်းစေရေး အတွက် မြန်မာနိုင်ငံ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်း စီမံချက်(၂၀၁၄-၂၀၂၀)ကို ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော်လည်း စီမံချက် ရေးဆွဲ ခဲ့သည့် အခြေခံနှစ် ဖြစ်သော ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ယာဉ်တိုက်မှု အခြေအနေများမှာမူ နှစ်စဉ် တိုးလျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီက ကိုယ်စီ အသိတရားဖြင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို လေးစား လိုက်နာ ကျင့်သုံးကြပါရန် နှင့် အထူးသဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင် စီးနင်းသူတိုင်း ပိုမို သတိပြု စည်းကမ်း လိုက်နာကြပါရန် အသိပေး နှိုးဆော်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။(Xinhua)