Environment, Disasters & Accidents
စဉ့်ကူးမြို့နယ်အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၃အဆင့်ရှိ ငလျင်လှုပ်ခတ်

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အနီး ဗဟိုပြု၍ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်နှင့် ၂၄ စက္ကန့်တွင် အင်အား ရစ်ချ်တာ စကေး ၄.၃ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
မန္တလေး မြေငလျင် စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၃၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း စဉ့်ကူးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၂) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိသည်။
အဆိုပါ မြေငလျင် လှုပ်ခတ်မှုသည် အင်အားအနည်းငယ်သာ ရှိပြီး လက်ရှိချိန်ထိ အထိအခိုက် အပျက်အစီး မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ (Xinhua)