Environment, Disasters & Accidents
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အတွင်း ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ ဦး သေဆုံး

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အတွင်း ၂၂ ဘီး တွဲယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၁၈၄/၃-၄) ကြားတွင် ဧပြီ ၁၁ ရက်က ၂၂ ဘီး တွဲယာဉ် တစ်စီးသည် ယာဉ်မောင်း အိပ်ငိုက်ကာ လမ်းဘေးရှိ အအေးဆိုင်အား ဝင်ရောက်တိုက်မိခဲ့ပြီး လမ်းအနောက်ဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ အအေးဆိုင်အတွင်းရှိ ၁ ဦးမှာ ဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ပြီး အအေးဆိုင် ပိုင်ရှင်မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၂ ဘီး တွဲယာဉ်မောင်းနှင်သူကို ရေတာရှည် မြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။(Xinhua)