Environment, Disasters & Accidents
ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ်၌ မီးလောင်မှုကြောင့် လူနေအိမ် ၁၆၇ လုံး ဆုံးရှုံး

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)
ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် ချောင်းဝကျေးရွာ၌ ဇန်နဝါရီ ၃ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၆၇ လုံး မီးကူးစက်လောင်ကျွမ်း ဆုံးရှုံးခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ချောင်းဝကျေးရွာနေ ဒေါ်ဌေးကြိုင်၏ ဓနိမိုး/ကာ၊ဝါးခင်း နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
ထိုမီးလောင်မှုကြောင့် ဒေါ်ဌေးကြိုင်အား ဒေါ်ညိမ်းနယ်မြေရဲစခန်း (ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)