Connect with us

Environment, Disasters & Accidents

တနင်္သာရီတိုင်းဒေသကြီး ဆိုင်ကလုန်းမုန်တိုင်း အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေသဖြင့် သက်ရောက်မှု အန္တရာယ် ခံစားရမည်

ဆိုင်ကလုန်း မုန်တိုင်း အခြေအနေအား ပြသထားမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်” (Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ ၊ တနင်္သာရီ တိုင်းဒေသကြီး သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှု အန္တရာယ်ကို ခံစားရမည် ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ် နိုင်ပါသဖြင့် ပြည်တွင်း လေကြောင်းပျံ သန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားကြရန် အကြံပြုထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ယနေ့ နံနက်မှ နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မြန်မာစံတော်ချိန် ၉ နာရီ ခွဲအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ အနောက်တောင်ဘက်(၆၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက် မိုင် (၃၉၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၃၃၅) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်(၄၈)နာရီအတွင်း ကပ္ပလီကျွန်းစုသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117