Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ၅ လ အတွင်း ယာဉ်မတော်တဆမှုကြောင့် ၄၉ ဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလကုန်အထိ ၅ လ အတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၁၄ မှု ဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ ၃၅ဝ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

အမြန်လမ်းတွင် ဒီဇင်ဘာလအတွင်း ယာဉ်မတော်တဆ မှုပေါင်း ၃၉ မှုဖြစ်ပွားခဲ့ပြီး ၇ ဦး သေဆုံးခဲ့ပြီး ၅၆ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

အမြန် လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် အမြန်လမ်း ရဲတပ်ဖွဲ့ အနေဖြင့်လည်း အမြန်လမ်း ပေါ်တွင် အနှေးယာဉ်များ၊ စက်ဘီး၊ ဆိုင်ကယ် တက်ရောက်မောင်းနှင်မှု၊ ကျွဲ၊ နွားများ လမ်းမပေါ်လွှတ်ကျောင်းမှု၊ လမ်းဖြတ်ကူးမှု၊ ကိစ္စရပ်များကို လမ်းတစ်လျှောက် ကျေးရွာ များတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ ယာဉ်အန္တရာယ် ဟောပြောပွဲများ ပြုလုပ် ပညာပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား အမြန်နှုန်းတိုင်းကိရိယာများဖြင့် တိုင်းတာဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.