Connect with us

Africa & Middle East

ဂါဇာ‌ဒေသတွင် တင်းမာမှုများလျော့ကျရေး နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ရန် အီဂျစ်တိုက်တွန်းပြောကြား

ဂါဇာမြို့တွင် အပျက်အစီးများပေါ်၌ ပါလက်စတိုင်းတစ်ဦးကို ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၈ ရက် (ဆင်ဟွာ)

ဂါဇာ‌ကမ်းမြောင်ဒေသ ရာဖာတွင် တိုက်ခိုက်မှုများ လျော့ကျရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများအား ကြားဝင်ညှိနှိုင်းပေးရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၇ ရက်တွင် တောင်းဆိုလိုက်သည်။
အီဂျစ်နိုင်ငံအား ဖြတ်ကျော်သည့် ရာဖာနယ်စပ်ကို ထိန်းချုပ်ရေးဆောင်ရွက်သည့် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကို ယင်းဝန်ကြီးဌာန က ရှုတ်ချခဲ့သည်။

ယင်းစစ်ဆင်ရေးအား ရာဖာနယ်စပ်ဖြတ်ကျော်စခန်းမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများအပေါ် အဓိကအားထားနေရသည့် ပါလက်စတိုင်း တစ်သန်းကျော်ကို ခြိမ်းခြောက်မှုအဖြစ် အီဂျစ်က သုံးသပ်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးရရှိရန်ကြိုးပမ်းမှုများအပေါ် ခြိမ်းခြောက်နေသည့် မူဝါဒများအား ရှောင်ရှားရန် အစ္စရေးဘက်ကို အီဂျစ်က တိုက်တွန်းခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအား ငြိမ်းချမ်းရေးရရှိရေးအတွက်ညှိနှိုင်းပေးရန် တောင်းဆိုခဲ့သည်။

ရာဖာမြို့၌ စစ်ဆင်ရေးစတင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ယနေ့တွင်ပြောကြားခဲ့သည်။ ယနေ့နံနက်ပိုင်းမှစပြီး ရာဖာမြို့တွင် အစ္စရေး၏ ဆက်တိုက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူ ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်းဌာန Wafa က ပြောကြားသည်။ (Xinhua)

—————————————–
(English Version)
Egypt urges int’l parties to defuse Rafah crisis
CAIRO, May 7 (Xinhua) — The Egyptian Foreign Ministry on Tuesday called on influential international parties to intervene and press for defusing the tension in the Gaza Strip city of Rafah.
In a statement, the ministry condemned the Israeli military operation in the city that resulted in Israeli control of the Palestinian side of the Rafah border crossing with Egypt.
Egypt considers the move a serious escalation threatening more than 1 million Palestinians who mainly depend on the crossing, which enables the delivery of humanitarian and relief aid into the enclave, the statement said.
It urged the Israeli side to practice the utmost self-restraint and to avoid policies that threaten the efforts to reach a sustainable truce in Gaza, calling on the international community to intervene.
Israel’s military said on Tuesday that it had started an operation in Rafah city. At least 20 people have been killed in Israel’s continuous attacks on Rafah since Tuesday morning, the official Palestinian news agency Wafa reported.
A Palestinian is pictured on the debris in Gaza City, April 13, 2024. (Photo by Mohammed Ali/Xinhua)