Connect with us

Politics, Law & Military

ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ ရေးဆွဲနေပြီဟု ဆို

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ယနေ့  အမျိုးသား လွှတ်တော် အစည်းအဝေးသို့ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ်တာဝန်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ရေးဆွဲ ပြုစု လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က ယနေ့အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“လွှတ်တော် ကိုယ်စားလှယ်တာဝန်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကပထမအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်းဆွေးနွေးခဲ့ပါတယ်၊ ဒါပေမယ့် ဥပဒေကြမ်းမှာပါတဲ့ တချို့ အချက်အလက်တွေက အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဆိုင်းငံ့ထားဖို့ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားခဲ့ ပါတယ်၊ ဒီလို ဆုံးဖြတ်ထားတာကို လေးစား လိုက်နာတဲ့ အနေနဲ့ဒီဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပိုမိုကောင်းမွန် ပြည့်စုံစေရေးအတွက် အလေးထားပြီး ပြင်ဆင် ညှိနှိုင်းပြုစု လျက် ရှိပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ မဲဆန္ဒရှင် ပြည်သူများ၏ အခွင့်အရေးကို မဆုံးရှုံးစေလိုသော ကြောင့် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ဥပဒေကို ရေးဆွဲ ပြဌာန်းပေးရန် အစီအစဉ် ရှိ — မရှိဟု ကရင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၅) မှလွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းသန်းနိုင်၏ အမေးကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.