Connect with us

Politics, Law & Military

ကျပ် ၄၈ သန်းကျော် တန်ဖိုးရှိ တရားမဝင် ကုန်စည်များအား ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများ၌ ဖမ်းဆီး ရမိ


ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းတားဆီးမှု ခြောက်မှုမှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၈ ဒသမ ၃၈၈ သန်း ခန့်ကို စက်တင်ဘာ ၁၉ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုတားဆီးမှု ခြောက်မှုတွင် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု လေးမှုမှ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇ ဒသမ ၃၉၆ သန်းခန့် နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှုမှ ခန့်မှန်းတန် ဖိုးငွေကျပ် သုည ဒသမ ၉၉၂ သန်းခန့် တို့ပါဝင်ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် စက်တင်ဘာ ၁၉ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်စဉ် Mitsubishi Fuso Canter ခြောက်ဘီးယာဉ် တစ်စီးနှင့်Toyota Dyna ခြောက်ဘီးယာဉ် တစ်စီးအား စစ်ဆေးခဲ့ရာ ယာဉ်များပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ပိတောက်သစ်လုံး ၂ ဒသမ ၁ဝ၈၆ တန်၊ ပိတောက် ခွဲသား သုည ဒသမ ၃၅၆၈ တန်နှင့် အဆိုပါပစ္စည်းများ သယ်ဆောင်သည့်ယာဉ် နှစ်စီး (စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၇ ဒသမ ၃၉၆ သန်းခန့်) ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)