Connect with us

Politics, Law & Military

ကျေးရွာပေါင်း ကိုးထောင်ကျော်တွင် မြစိမ်းရောင်စီမံကိန်းအား ကျပ် ၂၄၁ဘီလီယံကျော်ဖြင့် ဆောင်ရွက်

မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မူဝါဒရေးရာ အကြံပေး ညှိနှိုင်း ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေးရွာပေါင်း ၉၉၀၄ရွာ၌ နိုင်ငံတော်ခွင့်ပြု ရန်ပုံငွေ ကျပ် ၂၄၁ ဒသမ ၇၁ဘီလီယံဖြင့် ဆောင်ရွက်နေကြောင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မူဝါဒရေးရာ အကြံပေး ညှိနှိုင်း ခြင်းအလုပ်ရုံ ဆွေးနွေးပွဲထံမှ သိရသည်။

ကျေးရွာများတွင် စဉ်ဆက်မပြတ် ဘဏ္ဍာရေး အရင်း အမြစ်ရရှိစေရန်၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုး လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးရန်နှင့် မိသားစု ဝင်ငွေ တိုးပွားစေရန် ရည်မှန်းပြီး မြစိမ်းရောင်ကိုဆောင်ရွက်ကြောင်း စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မူဝါဒရေးရာ အကြံပေး ညှိနှိုင်း ခြင်းအလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့ ဇွန် ၂၆ ရက် နံနက် ၉နာရီတွင် နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၃၆) ၌ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.