Connect with us

Politics, Law & Military

ကွတ်ခိုင်မြို့၌ ကျပ်သိန်းပေါင်း ၁၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ကွတ်ခိုင်၌ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများတွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၁၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် လွယ်ခန်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅ဝဝ ခန့်အကွာရှိ တောင်ကုန်းပေါ်၌ ဆာလာအိတ်ဖြင့် ထုပ်ထားသော ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝဝဝဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၁၅ဝဝ) အား ပိုင်ရှင်မဲ့တွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး များအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.