Connect with us

Politics, Law & Military

ခြေ-ဥ ပြင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ အတည်ပြု

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

မိတ္ထီလာ အမတ် ဒေါက်တာမောင်သင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတို့ တင်ပြ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်

ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ စိစစ်ရေး

ပူးပေါင်းကော်မတီက သြဂုတ် ၁၅ ရက်နေ့တွင် တင်သွင်းခဲ့သည့် အစီရင်ခံစာအား

ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက ဆန္ဒမဲခွဲ ဆုံးဖြတ်ပြီး

အတည်ပြုခဲ့သည်။

ခြေ – ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုးက

“ပူးပေါင်းကော်မတီရဲ့ အစီရင် ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် ၃၃ ဦးတို့က ဆွေးနွေးခဲ့ကြပါတယ်၊ ဒါဟာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တာဝန်နဲ့

လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းသာဖြစ်တဲ့အတွက် ဒီအပေါ်မှာ

ပူးပေါင်းကော်မတီအနေနဲ့ ပြန်လည် ရှင်းလင်းတင်ပြဖို့ မရှိပါဘူး၊

အစီရင်ခံစာ တင်သွင်းစဉ်က လည်း ပူးပေါင်းကော်မတီဝင်အချို့ရဲ့

သဘောထားမှတ်ချက်နဲ့ ပူးပေါင်းကော်မတီဝင် အများစုရဲ့ သဘောထားမှတ်ချက်တို့ကို အတိအလင်း ဖော်ပြထားပြီး ဖြစ်တဲ့အတွက် ကော်မတီရဲ့ အစီရင် ခံစာကို

အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်သွင်းအပ်ပါတယ်” ဟု ယနေ့ ပြည်ထောင်စု

လွှတ်တော် အစည်းအဝေး၌ တင်သွင်းအပြီးတွင် ပြည်ထောင်စုလွှတ်တော်က ဆန္ဒမဲ

ကောက်ယူ ခဲ့ရာ ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက် ၂၀၄ မဲ၊ ကြားနေ လေးမဲတို့ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ခြေ – ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုး တင်သွင်းစဉ်။

ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာ မောင်သင်း ဦးဆောင်ပြီး ရွေးကောက်ခံ

လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦး၊

စုစုပေါင်း ၁၄၅ ဦးတို့ လက်မှတ် ရေးထိုး ပြီး မတ်လ ၁၅ ရက်နေ့က

လွှတ်တော်သို့ ပေးပို့ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို

ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၂၄၈၊ ၂၆၄။ ၃၂၂ နှင့် ၄၀၂ တို့တွင်

ဖော်ပြထား သော သမ္မတ လုပ်ပိုင်ခွင့် ဆိုင်ရာ အချက်နှစ်ချက်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနှင့် သက်ဆိုင်သည့် အချက် တစ်ချက်၊

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သည့် အချက် တစ်ချက်

စသည်တို့အား ပြင်ဆင်ချက် တင်သွင်းထားသည်များ ပါဝင်သည်။ ထိုသို့

တင်သွင်းလာသည့် ဥပဒေကြမ်းအား အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာစိစစ်ရေး

ပူးပေါင်း ကော်မတီက ဆက်လက် ဆောင်ရွက်မည့် ဥပဒေမူကြမ်း ရေးဆွဲရေး

လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်း စီစဉ်ဆောင်ရွက်သင့်သည်ဟု

ပူးပေါင်းကော်မတီက သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့

အစီရင်ခံစာ တင်သွင်းထားခဲ့ပြီး ယနေ့ အစည်းအဝေး ၌ ထိုအစီရင်ခံစာကို

ဆန္ဒမဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.