Connect with us

Politics, Law & Military

ဂုဏ်သိက္ခာနှင့်အညီ ဆွေးနွေးကြရန် လွှတ်တော် နာယက မှာကြား

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

ခြေ/ ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမှုကို ယနေ့ ပြည်ထောင်စု လွှတ်တော်၌ ဆက်လက် ပြုလုပ်ခဲ့ရာ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်၏ ဂုဏ်သိက္ခာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ တို့နှင့်လျော်ညီစွာ ဆွေးနွေးသွားကြရန် အသိပေး မှာကြားခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အစီရင်ခံစာပါ အကြောင်းအရာများကိုသာ ဆွေးနွေးကြဖို့ နဲ့ ဌာန အဖွဲ့အစည်း တစ်ခုခု လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ တိုင်းရင်းသား လူမျိုးစု တစ်ခုခုကို ထိခိုက်နစ်နာမှု ရှိစေမယ့် ဆွေးနွေးချက်များကို ထည့်သွင်းဆွေးနွေးခြင်းမပြုကြဖို့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာတို့နဲ့ လျော်ညီစွာ ဆွေးနွေးသွားကြဖို့ ထပ်မံ အသိပေး မှာကြားလိုပါတယ်” ဟု နာယကက ယနေ့ ဆွေးနွေးပွဲ မစမီ ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် အချို့ ဆွေးနွေးနေသည်ကို တွေ့ရစဉ်။

လွှတ်တော်ကိုယ်စားလှယ် အချို့ ဆွေးနွေးနေသည်ကို တွေ့ရစဉ်။

လွှတ်တော်ကိုယ်စားလှယ် အချို့ ဆွေးနွေးနေသည်ကို တွေ့ရစဉ်။

အစီရင်ခံစာ အပေါ် စတင်ဆွေးနွေးသည့် ဇူလိုင် ၃၀ ရက် အစည်းအဝေးတွင် မဆွေးနွေးမီ နာယကက အလားတူ ပြောကြားခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ အသုံးအနှုန်းများသည် လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ပြီး ဆွေးနွေးကြသည့် အတွက် အဆိုပါ အသုံး အနှုန်းများကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့ရကြောင်း၊ ထို့အပြင် အစီရင်ခံ စာပါ အကြောင်း အရာများ၊ အကြံပြုချက်များ၊ သုံးသပ် တင်ပြချက်များ အပေါ်မှာသာ ဆွေးနွေးကြဖို့၊ မဆွေးနွေးမီ အချိန်မှာ အသီးသီး အသိပေး မှာကြားခဲ့သော်လည်း ဆွေးနွေးကြတဲ့အခါ ဥပဒေကြမ်း တစ်ရပ်ကို ဆွေးနွေးသကဲ့သို့ ပြင်ဆင်ရန် အကြံပြုချက်များကိုသာ ဖော်ပြပြီး ဆွေးနွေးသွားကြတာကိုလည်း တွေ့ရပါတယ်၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲမတိုင်မီ ယခုကဲ့သို့ ထပ်မံ မှာကြားရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောခဲ့သည်။

ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက် ဆွေးနွေးမှုတွင် လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးတို့က ပါဝင် ဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးမှုမှာ အပြီးသတ်ဆွေးနွေးမှု ဖြစ်ကြောင်း၊ အစီရင်ခံစာနှင့် ပတ်သက်သည့် လွှတ်တော်၏ သဘောထား ရယူမည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ပြန်လည် စတင်မည့် သြဂုတ်လ ၅ ရက်နေ့တွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.