Connect with us

Politics, Law & Military

စစ်တွေမြို့တွင် ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်ထားသော လှေအား လူစုလူဝေးဖြင့် ဟန့်တားမှုတွင် ပါဝင်သူ ၈ဦးထိန်းသိမ်း

ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်လာသော လှေအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီလှုပ်ရှားမှုဖြင့် ကူညီထောက်ပံံ့ ရန် ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်လာသော လှေအား လူစုလူဝေးဖြင့် ဟန့်တား ရန်လိုမှုတွင် ပါဝင်သူ ၈ဦးကိုထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

မောင်တောမြို့ရှိ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီ လှုပ်ရှားမှုဖြင့် ကူညီ ထောက်ပံ့ရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အဖွဲ့ သယ်ယူပို့ဆောင်လာသော ပစ္စည်းများကို စက်တင်ဘာ ၂၀ရက်နေ့ နေ့လည်ပိုင်းက လူ၂ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ကြည့်ရှုသွားကာ ညနေ ၅နာရီတွင် လူ၅၀ဦးခန့် ရောက်ရှိလာပြီး လူစုလူဝေးဖြင့် ပစ္စည်းများကို ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တား ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များရောက်ရှိလာပြီး စက်လှေထွက်ခွာနိုင်ရန် ညှိနှိုင်းခဲ့သော်လည်း စက်လှေ မမောင်းရဲသဖြင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးနေစဉ် ည ၈ နာရီအချိန်တွင် လာရောက်ကြည့်ရှုသူ အင်အား ၃၀၀ ခန့် စုစည်းမိပြီး ခဲများ၊ မီးရှို့ထားသည့် ဓာတ်ဆီပုလင်းများဖြင့် လူအုပ်ထဲမှ ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် ယင်းလူအုပ်အား ဒိုင်းများဖြင့် တွန်းထုတ်ခြင်း၊ သံဃာတော်များက လူအုပ်စုအား ဖျန်ဖြေခြင်း၊ မီးသတ်ယာဉ်များဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊

ည ၈ နာရီ ၁၅ မိနစ်တွင် လူအုပ်စုထဲမှ ဂျင်ကလိဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက (၁၂)ဗို့ ဂရီနာ သေနတ်အလက်၂၀ ဖြင့် ပစ်ဖောက်၍ ရှင်းလင်းခဲ့ပြီး လူစုခွဲခဲ့ရာ ည ၁၁ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လူအုပ်တွင်ပါဝင်သူ ၈ ဦး (စိစစ်ဆဲ) ကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် လုံခြုံရေး အင်အား လုံလောက်စွာ ချထားပြီး ပြည်နယ်အစိုးရက ဥပဒေနှင့်အညီ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.