Connect with us

Politics, Law & Military

စီးပွားကူးသန်း၏ ပြည်သူ့အတွက် ပထမရက်၁၀၀ ဆောင်ရွက်ပြီးစီးမှုရှင်းလင်း

နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ အစိုးရသစ်၏ ပထမရက်၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ ယနေ့သတင်းစာရှင်းလင်းပွဲတွင် စီးပွားကူးသန်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

ရက် ၁၀၀ အတွင်း National Trade Repository (ကုန်သွယ်မှု အချက်အလက်များဘဏ္ဍာတိုက်) တရားဝင်လွှင့်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့လွှင့်တင်ခဲ့သည့် အတွက် ကုန်သည်များ အနေဖြင့် တင်သွင်းတင်ပို့လိုသည့် ကုန်ပစ္စည်းတစ်မယ်ချင်းအလိုက် ကုန်သွယ်မှု နှင့် ပတ်သက်သည့် သိရှိလိုသည် များအား မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ASEAN Trade Repository အားလည်း တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အာဆီယံနိုင်ငံ များသို့ ကုန်စည်တင်ပို့ခြင်း တင်သွင်းခြင်းပြုလုပ်ရာတွင် သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုအချက်အလက်များအား မြန်မာ- အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
နယ်စပ်စခန်းများတွင် ကုန်သွယ်လိုင်စင်ရရှိပြီး၊ တင်သွင်းရန်ကျန်ရှိနေသည့် ယာဉ်ယန္တရားများအား သွင်းကုန်လိုင်စင်သက်တမ်းတိုးမြှင့်ပေးထားပြီး တင်သွင်းခဲ့ပြုခဲ့ကြောင်း ယနေ့မီဒီယာများ နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။
မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒအား ပြန်လည်သုံးသပ်ပြီး၊ မူဝါဒအတိုင်းနယ်စပ်ဒေသမှ လုပ်ငန်းသုံးယာဉ် ယန္တရားများအား ပြန်လည်တင်သွင်းခွင့်ဆောင်ရွက်ပေးခြင်း၊ ရန်ကုန်ပို့ကုန်သွင်းကုန်ရုံး နှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများတွင် တင်ပို့တင်သွင်းမည့် အမယ်ပစ္စည်းများအား ပြင်ဆင်ဖြေလျှော့တင်သွင်းခွင့်ပြုပေးခြင်း၊ လုပ်ငန်းသုံးယာဉ်ယန္တရားများအား ကုမ္ပဏီတစ်ခုလျှင် ၁ နှစ် (၁၀) စီးသာ ခွင့်ပြုပေးခြင်းအစား ၊လိုင်စင် (၁) စောင်လျှင် ယာဉ်ယန္တရား (၁၀) စီးနှုန်းဖြင့် ပြင်ဆင်ဖြေလျှော့ခွင့်ပြုခြင်း၊ နယ်စပ်ဒေသရှိ ဒေသခံကုန်သည် ငယ်များအတွက် Individual Trading Card (ITC)ကဒ် ဖြင့် ၁ရက် ဆိုင်ကယ် ၁စီး နှုန်းဖြင့် တစ်ပတ်စာ ငါးစီးတင်သွင်းခွင့်အား စမ်းသပ်တင်သွင်းခွင့်ပြုလျက်ရှိပြီး၊ ITC ကဒ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် ကျပ်သိန်း ၁၅၀ ဘောင်အတွင်း စီးရေတိုးမြှင့်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရာတွင် Fully Online Licensing System အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ၊ သွင်းကုန် H.S Code ၄၄၀၅ လိုင်းအနက် အချို့အားလိုင်စင်လျှောက်ထားရန် မလိုပဲ ထပ်မံဖြေလျှော့ပေးခြင်း၊ ပြည်ပသို့တင်ပို့ရန် ကန့်သတ်ထားသောပို့ကုန်၁၂ မျိုးအနက် အချို့အမယ်များ အား ဖြေလျှော့တင်ပို့ခွင့်ပြုနိုင်ရေးဆောင်ရွက်ပေးခြင်းတို့ကို ရက်၁၀၀ အတွင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.