Connect with us

Politics, Law & Military

သမ္မတဟောင်းဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပြီး ဦးသန်းဌေးအား ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်လိုက်သော ဦးသန်းဌေးကို တွေ့ရစဉ်(ဓာတ်ပုံ-USDP)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

သမ္မတဟောင်း ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပြီး ဦးသန်းဌေးအား ဥက္ကဋ္ဌအဖြစ် ယနေ့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ ဒုတိယနေ့တွင် ရွေးချယ် ခန့်အပ်လိုက်ကြောင်း ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။

ယခင် ပါတီ၏ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးတို့သည် ခေတ်ကာလနှင့် ကိုက်ညီသော၊ နိုင်ငံတော်အတွက် လိုအပ်ချက်နှင့် ကိုက်ညီသော လူငယ်များကို ရွေးချယ်နေရာပေးရန်အတွက် ရာထူးများမှ နှုတ်ထွက်ကာ ပါတီ နာယကများအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီညီလာခံမှ ရွေးချယ်ခန့်အပ်လိုက်သော ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး ၊ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးမြတ်ဟိန်း ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း ၊ အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး ၊ဦးသန်ထွန်း၊ ဦးကျော်ကျော်ဌေး ၊ဦးတင်အောင်ချစ်၊ ဒေါက်တာဒေါ်စန်းစန်းနွယ် နှင့် ဦးခင်ရီ (စည်းကမ်းထိန်းသိမ်းရေးအဖွဲ့)၊ ဦးစိုးနိုင် (လုပ်ငန်းစိစစ်ရေးအဖွဲ့)တို့ကို ရွေးချယ်ခန့်အပ်လိုက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ပါတီဥက္ကဋ္ဌအသီးသီးကိုလည်း အသစ်ထပ်မံခန့်အပ် လိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်လိုက်သော ဦးသန်းဌေးသည် ယခင် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.