Connect with us

Politics, Law & Military

ရက် ၁၀၀ အတွင်း စက်မှု ဝန်ကြီးဌာနမှ ကဏ္ဍကြီး ၆ ရပ် ဆောင်ရွက်ခဲ့ဟုဆို

စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

အစိုးရသစ်၏ ရက် ၁၀၀ အတွင်း စက်မှု ဝန်ကြီးဌာနမှ ကဏ္ဍကြီး ၆ ရပ် အား ဆောင်ရွက်ခဲ့သည့် အပြင် စီမံချက်တွင် ပါဝင်ခြင်း မရှိသော်လည်း ထပ်တိုး ဆောင်ရွက်နိုင်ခဲ့သည့် စီမံချက်များ ရှိကြောင်း စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ယနေ့သြဂုတ် ၂၃ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုကဏ္ဍကြီး ၆ ရပ်မှာ ပြည်သူ့အကျိုးပြု စက်ရုံ ၊ အလုပ်ရုံများ ဖွင့်လှစ်ခြင်း ၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်း ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးခြင်း ၊ စွမ်းအင် ချွေတာရေး နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ခြင်း နှင့် ဆောင်ရွက်ဆဲ စက်ရုံ စီမံကိန်းများရှိ အလုပ်ရုံများ အလိုက် အပြီးသတ် ဆောင်ရွက်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရက် ၁၀၀ စီမံချက်တွင် ပါဝင်ခြင်း မရှိသော်လည်း ထပ်တိုး ဆောင်ရွက် နိုင်ခဲ့သည့် စီမံချက်များမှာ မြန်မာနိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် လုပ်ငန်းရှင်များ အသင်း(Myanmar Textile Manufacturers’ Association) ဖွဲ့စည်းခြင်း ၊ လယ်ယာသုံး စက်ပစ္စည်း ကိရိယာများ အရောင်းမြှင့်တင်ရေး ဆောင်ရွက်ခြင်း ၊ ဆေးဝါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ မဟာဗျူဟာ ချမှတ်နိုင်ရေး Stakeholder Meeting ကျင်းပခြင်း ၊ ဆေးဝါးများအား ထုတ်ပိုးမှု ပုံစံ အသစ်ဖြင့် ထုတ်လုပ်ခြင်း နှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး Marketing Skills Development Training ဖွင့်လှစ်ခြင်း တို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူလူထု အတွက် တိုက်ရိုက် အကျိုးပြုနိုင်မည့် နိုင်ငံပိုင် စက်မှု လုပ်ငန်းများအား အဆင့်မြှင့်တင်ခြင်း ၊ ပုဂ္ဂလိက စက်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံပိုင် စက်ရုံ ၊ အလုပ်ရုံများအား ပုဂ္ဂလိက နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အတွက် စက်မှု သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်း ၊ တိုးချဲ့တည်ဆောက်ခြင်း ၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည့် မှုဝါဒ ၊ ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း စသည် လုပ်ငန်း အစီအမံများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.