Connect with us

Politics, Law & Military

ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ၏ အရောင်းပြခန်းများ အတွက် ဖြေလျှော့သည့် အမိန့်ကြော်ငြာစာထုတ်ပြန်

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ၏ အရောင်းပြခန်းများ တွင် ရောင်းချသည့်အခါ လိုက်နာရမည့် စည်းကမ်းချက်များအနက်မှ ဖြေလျှော့မှုများပြုလုပ်ခဲ့သည့် အချက်များ အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ပို့ကုန်သွင်းကုန်ဥပဒေ – ၁၃၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်သောအမိန့် ကြော်ငြာစာတွင်ဖော်ပြခဲ့ကြောင်း သိရသည်။

ထိုအချက်များမှာ (က)ယန္တရား အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံငွေ(Deposit) အဖြစ် မြန်မာကျပ်ငွေသိန်း (၁၅၀၀) အားမြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်း ထားရန်၊

(ခ)အပ်ကုန်(Consignment)ဖြင့်တင်သွင်းခဲ့သည့်ယန္တရား များရောင်းချခြင်း၊ ငွေလွှဲခြင်း၊ လက်ကျန်စာရင်းရှင်းလင်းခြင်း၊ လုပ်ငန်းရပ်ဆိုင်း၍ သတ်မှတ်ထားသောစည်းကမ်း များနှင့် အညီစာရင်းရှင်းလင်းခြင်းတို့ကို အပြီးသတ်ဆောင်ရွက်ပြီးပါက အပ်နှံထားသောအာမခံငွေ မြန်မာကျပ်ငွေ သိန်း(၁၅၀၀)အား ပြန်လည်ထုတ်ယူနိုင်ရန်၊

(ဂ) ယန္တရားအရောင်းပြခန်းပြုလုပ်သည့် ကုမ္ပဏီအနေဖြင့် သတ်မှတ် မြေဧရိယာအကျယ်အဝန်းမှာတစ်နေရာတည်း(၃)ဧကအောက်လျော့နည်းမှုရှိနေသော်လည်းယာဉ်ယန္တရားသိုလှောင် နေရာ၊ ယာဉ်ယန္တရားစက်ပြင်အလုပ်ရုံနှင့် ယာဉ်ယန္တရားအရောင်းပြခန်းနေရာ (၃)ခုပေါင်းဧရိယာသည် (၃) ဧကရှိပါ ကဖွင့်လှစ်ခွင့်ပြုရန် ဟု ဖော်ပြပါရှိကြောင်း သိရသည်။

ထိုအမိန့်ကြော်ငြာစာသည် ဇွန်လ(၁)ရက်နေ့မှ စတင်၍အကျိုးသက်ရောက်မှုရှိမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.