Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကနေဒါ နှင့် ဆွီဒင် နိုင်ငံများသို့တရားဝင် ချစ်ကြည်ရေး ခရီး အတွက် ရန်ကုန်မြို့မှ ထွက်ခွာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်ထရူးဒိုး၊ ဆွီဒင်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန်အာလင်းနှင့် ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့၏ ဖိတ်ကြားချက် များအရ ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင် ချစ်ကြည်ရေး ခရီးသွား ရောက်ရန် ဇွန် ၄ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့၏ ဖက်ဒရယ် ဒီမိုကရေစီ စနစ်သို့ အဆင့်ဆင့် ပြောင်းလဲ ကျင့်သုံး ခဲ့မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117