Connect with us

Politics, Law & Military

တပ်မတော် စစ်ကြောင်းနှင့် ရခိုင်တပ်မတော် တိုက်ပွဲဖြစ်

မြန်မာ တပ်မတော် စစ်ကြောင်းမှ ဖမ်းဆီးရမိသော ရခိုင် တပ်မတော်သားများနှင့် လက်နက်ခဲယမ်း များအား မြင်တွေ့ ရစဉ်

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ရခိုင် ဒေသအတွင်း အစိုးရတပ်မှ နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ပလက်ဝဒေသ တစ်ဝိုက်တွင် ရခိုင်တပ်နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြထားသည်။

နယ်မြေ ရှင်းလင်းစဉ် ဧပြီလ (၁၇) ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့ မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ပင်လုံကျေးရွာ အနီး၌ ရခိုင်တပ်ဖွဲ့ဝင် အချို့နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် တပ်မတော် စစ်ကြောင်းများနှင့် အောင်လံချောင်း ကျေးရွာအနီး တောင်ကုန်းပေါ်တွင် နေရာ ယူထားသော ရခိုင်တပ် အင်အားအချို့ ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် ရခိုင်ဒေသအတွင်း ရခိုင် တပ်ဖွဲ့ဝင်များ စိမ့်ဝင် လာမှု မရှိစေရန် ဒေသခံ ပြည်သူ လူထုများနှင့် ပေါင်းစပ်၍ နယ်မြေအတွင်း အသေးစိတ် ပိတ်ဆို့ ရှင်းလင်း ဆောင်ရွက်လျက် နေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.