Connect with us

Politics, Law & Military

သြင်္ကန် ပထမနေ့၌ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြင်းထန်

မြန်မာ တပ်မတော်မှ ကိုးကန့် တိုက်ပွဲတွင် သိမ်းဆည်း ရရှိသော စစ်လက်နက် များအား မြင်တွေ့ရစဉ်

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာရိုးရာ အတာသြင်္ကန် ပထမနေ့၌ ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ကိုးကန့်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားမှု ပြင်းထန်ခဲ့ကြောင်း အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

အစိုးရတပ်သည် တောင်ကုန်း ပွိုင့် ၁၈၄၅ ရှိ တပ်စခန်းများနှင့် တာကထန် ကျေးရွာ အနီး အခြား မဟာဗျူဟာကျသည့် တောင်ကုန်းများကို အမြှောက်တပ်များဖြင့် စစ်ဆင်ရေး ပြုလုပ်ပြီးနောက် အနိုင်ရပြီး ပြန်လည်ရယူ သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း အစိုးရ စစ်တပ်များသည် လက်နက်များ အပါအဝင် လက်နက်ကြီး ပစ်ကူများ၊ သံချပ်ကာ တိုက်ယာဉ် ပစ်ကူများနှင့် မြေမြှုပ်မိုင်းများ အသုံးပြုခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ကိုးကန့်တပ်ဖွဲ့ အခြေပြုစခန်းရှိရာ တာကထန်ကျေးရွာကို စိုးမိုးထားသည့် တောင်ကုန်းအား တပ်မတော် စစ်ကြောင်းများက ကျောက်တောင်စောင်း မှတစ်ဆင့် တက်ရောက် ချေမှုန်းခဲ့သည်။

အဆိုပါ တောင်ကုန်းများကို သိမ်းပိုက်စဉ်အတွင်း တပ်မတော်မှ စစ်သည် ၅ ဦး ကျဆုံးခဲ့ပြီး အရာရှိ၊ စစ်သည် ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် ပါစင်ကျော် အရှေ့ဘက်ခြမ်းရှိ ဆက်သွယ်ရေး လမ်းကြောင်း များအား ထိန်းချုပ်ထားသော တောင်ကုန်းများ၊ ကိုးကန့် သောင်းကျန်းသူများ ခိုအောင်း နေထိုင်နိုင်သော နေရာများအား ထိန်းချုပ်ထားနိုင်ပြီး ရန်သူများ ဆုတ်ခွာရာ လမ်းကြောင်းများကို လိုက်လံချေမှုန်း တိုက်ခိုက် လျှက်ရှိသည်။
အစိုးရတပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့သည် ဖေဖော်ဝါရီလ (၉) ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117