Connect with us

Politics, Law & Military

တရားမဝင်ကုန်စည် ကျပ် သန်း ၁၀၀ကျော်ဖိုး သိမ်းဆည်းရမိ

တရားမ၀င်သစ်များ သယ်ဆောင်လာသော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၁ ရက်တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ဝ ဒသမ ၇၂၂ သန်းခန့်ရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တရားမဝင်ကုန်စည်များကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂ ဒသမ ၈၆၂ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုခုနစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇ ဒသမ ၈၆ဝ သန်းခန့်) စုစုပေါင်းတားဆီးမှု ကိုးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ဝ ဒသမ ၇၂၂ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် စက်တင်ဘာ ၂၁ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ်FUSO ၁၂ ဘီးယာဉ်တစ်စီးအား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ပိတောက်ခွဲသား ၄ ဒသမ ၂၈၇၄ တန်နှင့် အဆိုပါ ပစ္စည်းများသယ်ဆောင်သည့်ယာဉ်တစ်စီး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂ ဒသမ ၈၆၂ သန်းခန့်)ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.